ဆရာစောဇော်မင်းထွန်း
ဆရာစောဇော်မင်းထွန်းသည် ရန်ကုန်မြို့တွင် ဇနီးသည်နှင့်အတူ
အခြေချနေထိုင်လျက်ရှိပြီး၊ CV Myanmar တွင် Community Specialist တစ်ဦးအနေဖြင့် ရှိနေပြီး၊ အွန်လိုင်းပေါ်ရှိ ပျောက်ဆုံးဝိညာဉ်တို့အား
ဧဝံဂေလိဝေမျှခြင်းကို လုပ်ဆောင်နေပြီး၊ ယုံကြည်လာသူများတို့အား CV ၏ မိတ်ဖက် အသင်းတော်များသို့ ပို့ဆောင်အပ်နှံပေးလျက် ရှိနေပါသည်။
ဒါ့အပြင် မိမိလူမျိုးကို ဝန်တာထားပြီး ဦးတည်လျက် သာသနာပြုနေသော
CV Myanamar နှင့် လက်တွဲထားသော အမှုတော်ဆောင်များကို မြေပြင်၊
အွန်လိုင်း သာသနပြုခြင်းတွင် ကူညီဦးဆောင်ပေးခြင်းတွင် အားဖြည့်ဦးဆောင် ပေးနေပါသည်။ အသင်းတော်တစ်ပါးတွင်လည်း အမှုတော်ဆောင်တစ်ပါးအဖြစ် ဆက်ကပ်အစေခဲ့နေလျက် ရှိနေပါသည်။
အွန်လိုင်းပေါ်တွင် ပျောက်ဆုံးဝိညာဉ်များကို
ဆွဲဆောင်ခြင်း၊ ဆက်သွယ်ပြုစုခြင်း နှင့် ဆောင်ရန်၊ ရှောင်ရန်များ
အွန်လိုင်းပေါ်တွင် ပျောက်ဆုံးသောဝိညာဉ်တို့ကို ဗျူဟာကျကျဖြင့်
ဧဝံဂေလိသတင်းစကားကို ဝေမျှပေးတာက တကယ်ကိုကောင်းတဲ့အချက်ပါ။
သို့သော် ဝေမျှရုံသက်သက်ပဲဆိုရင် မပြည့်စုံဘူးလို့ ဆိုရမှာဖြစ်ပြီး ဝေမျှခြင်းမှသည်
ဆက်သွယ်ပြုစုသွားခြင်းအထိကို လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်တွင် ပျောက်ဆုံးသောဝိညာဉ်တို့ကို ဧဝံဂေလိဝေမျှ၊ ဆက်သွယ်ပြုစုသူတစ်ဦးတွင် ဆောင်ရန်နှင့်
ရှောင်ရန်ကိုလည်း သိရှိထားဖို့လိုပါတယ်။ ဒါကြောင့် ပျောက်ဆုံးဝိညာဉ်တို့ကို အွန်လိုင်းပေါ်တွင်
ဧဝံဂေလိဝေမျှခြင်းဆက်သွယ်ပြုစုခြင်းနှင့် ပျောက်ဆုံးဝိညာဉ်တို့ကို အွန်လိုင်းပေါ်တွင်
ဝေမျှဆက်သွယ်ပြုစုသူတစ်ဦးတွင် ဆောင်ရန်နှင့်ရှောင်ရန် များကို ဝေမျှပေးဖို့ရန်
အောက်ပါသင်ခန်းစာကို ပြင်ဆင်ပေးလိုက်ပါတယ်။ ကြည့်ရှုလေ့လာသူအသက်တာ၌
ကောင်းချီးမင်္ဂလာ ဖြစ်တည်ပါစေ။